ယခုဤကမ်ပိန်းကိုပိတ်ထားသည်။



မြန်မာ- ကုလသမဂ္ဂသည်စစ်အာဏာရှင်စနစ်ကိုငြင်းပယ်ရမည်။

``
In partnership with Building and Wood Worker's International (BWI), the International Trade Union Confederation (ITUC), IndustriALL global union, the Education International, the International Union of Foodworkers, and Public Services International.

ဖေဖော်ဝါရီလ(၁)ရက်နေ့တွင်မြန်မာနိုင်ငံ၌စစ်တပ်မှပြည်သူများရွေးကောက်တင်မြောက်ထားသောတိုင်းပြည်၏အစိုးရကိုဖြုတ်ချပြီးပြည်သူကိုမထီမဲ့မြင်ပြုကာအာဏာကိုလုယူခဲ့သည်။ထိုအချိန်မှစ၍စစ်တပ်သည်ငြိမ်းချမ်းစွာဆန္ဒပြသောသူ(၁၀၀၀)ကျော်ကိုသတ်ဖြတ်ခဲ့ပြီးပြည်သူ(၁၇၅၀၀၀)တို့ကိုအိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။ပြည်သူ(၇၀၀၀)ကိုလည်းမတရားဖမ်းဆီး၊ချုပ်နှောင်၊အပြစ်ဒဏ်ပေးခဲ့သည်။အလုပ်သမား(၃၀၀၀၀၀)သည်အလုပ်မှထုတ်ပယ်ခြင်းခံရပြီးအလုပ်သမားသမဂ္ဂခေါင်းဆောင် အများစုသည်ပုန်းလျှိုးနေခဲ့ရသည်။မြန်မာနိုင်ငံရှိ(၈၃)ရာခိုင်နှုန်းသောမိသားစုများ၏ဝင်ငွေသည်ထက်ဝက်လျှော့ကျသွားပြီးလူဦးရေ(၂၅)သန်းကျော်သည်ဆင်းရဲနွမ်းပါးစွာနေထိုင်လျက်ရှိသည်။စည်းလုံးညီညွတ်မှုနှင့်ဒီမိုကရေစီစိတ်ဓာတ်တို့ဖြင့်ကမ္ဘာလုံးဆိုင်ရာအလုပ်သမားများသမဂ္ဂကောင်စီသည်မြန်မာနိုင်ငံတွင်ရက်စက်ကြမ်းကြုတ်မှုများနှင့်လူ့အခွင့်အရေးဆိုးရွားစွာချိုးဖောက်မှုများကိုအဆုံးသတ်ရန်အတွက်အာဏာသိမ်းစစ်တပ်ကိုအမြန်ဆုံးအရေးယူရန်နိုင်ငံတကာအသိုင်းအဝိုင်းအားတောင်းဆိုထားသည်။ဇွန်လတွင်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှအလုပ်သမားများ၏တောင်းဆိုမှုကြောင့်အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံသည်မြန်မာနိုင်ငံရှိတရားမဝင်စစ်အာဏာရှင်တို့၏အရည်အချင်းများကိုပယ်ချခဲ့ပြီးတိုင်းပြည်အတွင်းဒီမိုကရေစီပြန်လည်ထူထောင်ရေးကို တောင်းဆိုခဲ့သည်။ယခုအချိန်သည်ကုလသမဂ္ဂအနေနှင့်အလားတူလုပ်ဆောင်ရန်အချိန်တန်ပြီဖြစ်သည်။




သင်၏စာကိုအောက်ပါအီးမေးလ်လိပ်စာများသို့ပို့လိမ့်မည်။
BWI.GlobalCampaigns@gmail.com